မုံးကိုးမြို့၌ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မုံးကိုး ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကို  ယမန်နေ့နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)ကစာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်သူများအသင်း (Book Club)များမှ စာရေးဆရာခေတ်ဘုန်းသစ်၏ “ ကလေးတွေကိုတံဆိပ်မကပ်ပါနဲ့” စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရာက်လာသည့် စာပေမြတ်နိုးသူများက ၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေစံပယ်ဖူး