ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေး

ကြာအင်းဆိပ်ကြီး ဇွန် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင် တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိ လာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီးရပ်ကွက်များအတွင်းသို့ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသစာအုပ်စာစောင်များအား စနစ်တကျငှား ရမ်းပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ မြို့မဈေးအတွင်းသို့ကွင်းဆင်းသွား‌ရောက်ပြီး စာဖတ်စာငှား မိဘပြည်သူများအား မိမိတို့၏ဈေးဆိုင်နှင့် အိမ်အတွင်းမှာပင် အဆင်ပြေစွာဖြင့် မိမိတို့ဖတ်ရှုလေ့လာလိုသည့် သုတရသစာအုပ်စာစောင်များနှင့် ကလေးငယ်များဖတ်ရှုနိုင်‌စေရန် ကာတွန်းရုပ်ပြစာအုပ်များကို စာဖတ်စာငှားသူ တစ်ဦးလျှင် စာအုပ်()အုပ်နှုန်းဖြင့် ငှားရမ်းသည့်နေ့မှစ၍ ()ရက်ပြည့်သည့်နေ့၌ ဖတ်ရှုငှားရမ်းထားသည့် စာအုပ်များကို စနစ်တကျပြန်လည် အပ်နှံစေပြီးနောက်ထပ် ဖတ်ရှုငှားရမ်းလိုသည့် သုတရသစာအုပ်များအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းကာ စနစ်တကျပြန်လည်၍ ငှားရမ်းပေးခဲ့ကြောင်းသည်။

အဆိုပါ သုတ ရသ စာအုပ် စာစောင်များအား စာဖတ်စာငှား မိဘပြည်သူများအနေဖြင့် အလွယ်တကူ အခမဲ့ဖတ်ရှုငှားရမ်းနိုင်စေရေးအတွက်အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျင် ()ရက်နံနက် ၉ နာရီခွဲမှ ၄နာရီခွဲအချိန်အထိ ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပြီး စာဖတ် စာငှားသူတစ်ဦးလျှင် စာအုပ်(၂)အုပ်နှုန်းဖြင့် ()ရက် ကြာအချိန်ပေး၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်စာကြည့်တိုက်မှူးထံမှ သိရ သည်။

မျိုးမင်းဦး