မုံရွာ ဇွန် ၇
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် ဝန်ထမ်းများ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ (၂၉)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ယခုတက်ရောက်သင်ကြားပြီးသော သင်တန်းဆင်းများ အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆက်လက် လေ့လာသွားကြရန်နှင့် သင်ကြားမှု၏ အဓိကအချက်များ၊ ဆရာ၊ ဆရာမများ၏ ကျင့်ဝတ်များကို အလေးထားလိုက်နာသွားကြစေကြောင်း၊ မူကြိုကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးခြင်းသည် နိုင်ငံတော်အတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည်ဖြစ်၍ အထူးအလေးထား လုပ်ဆောင်သွာကြရန် တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသူများမှ ECCD သီချင်း၊ မူလတန်းကြိုကျောင်းသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဂါရဝပြုနှုတ်ဆက်သီချင်းများကို သီဆိုမှုနှင့် အဆိုပါ သင်တန်းခန်းမတွင် ခင်းကျင်းပြသထားသောသင်တန်းဆင်းများ လက်ရာများကို ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှုးပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ (၂၉)ဦးအား လက်တွေ့ပုံပြင်စာအုပ်ပြုလုပ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ လက်မှုအနုပညာသင်ကြားခြင်း၊ ကလေးများနှင့်အတူ လုပ်ကိုင်ခြင်း၊ ပတ်ဝန်းကျင်အခြေပြုသင်ကြားခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြုလုပ်ခြင်း၊ မိဘရပ်ရွာပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်း၊ တစ်ပတ်စာအစီအစဉ်ရေးဆွဲခြင်း၊ ကွင်းဆင်းရန် ပြင်ဆင်းခြင်းနှင့် ကွင်းဆင်းခြင်းအပြင် လူမှုဝန်ထမ်းလုပ်ငန်းကြီး (၇)ရပ်၊ ကလေးသဘောသဘာဝ လိုအပ်မှုနှင့် လိုအပ်ချက်၊ ကလေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ သင်ရိုးညွှန်းတန်းနှင့် သင်ရိုးမာတိကာများ၊ သင်ယူမှု အခြေခံအုတ်မြစ်များ၊ အကူးအပြောင်းကာလ အရေးကြီးပုံ၊ ကစားခြင်းမှ သင်ယူခြင်း၊တေးဂီတဖြင့် သင်ယူခြင်း၊ ကြည့်ရှုလေ့လာခြင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ခြင်း၊ ပုံပြင်ပြောကြားခြင်းနည်းလမ်းများ စသည့်ဘာသာရပ်များကို မေလ ၁၈ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ သင်တန်းကာလ (၂၁)ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)