ကျုံပျော် ဇွန် ၆
ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပြည်သူလူထုသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျုံပျော်ဘိနယ် သစ်တောဦးစီးဌာနက ဦးဆောင်ကာ ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
ပျိုးပင်များ ဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်း၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇော်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင်လည်းကောင်း၊ တာသစ်ကြီးလမ်းနှင့် အင်းရဲလမ်းဆုံတို့တွင် သွားလာကြသော ပြည်သူများထံသို့လည်းကောင်း၊ ကျေးရွာနေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်၍ လည်းကောင်း ကျွန်းပျိုးပင်(၃၀၀)ပင်၊ ပျဉ်းကတိုးပျိုးပင် (၅၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၃၀၀)ပင်၊ ယူကလစ်ပျိုးပင်(၁၀၀)ပင်နှင့် မဟော်ဂနီပျိုးပင်(၅၀)ပင်၊ စုစုပေါင်း ပျိုးပင် (၈၀၀) ပင်တို့အား အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)