ဒဂုံမြောက် ဇွန် ၆
မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အဘိတ်ဆေး ခပ်ပေးခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက (၃၀)ရပ်ကွက်၊ သခင်ဗဟိန်းလမ်းမကြီးပေါ်ရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခပ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးမှလည်း “ယခုလို မိမိတို့ရပ်ကွက်အတွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများစုပေါင်းကာ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီမှာဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်တွေကို အိမ်ရှင်၊ အိမ်ငှား နေထိုင်သူများ ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားပါရင် ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်”ဟုပြောကြားသည်။
မြင့်မြင့်ရီ