ကျောက်ဆည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန ဦးဆောင်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုအမျိုးအစားများနှင့် မီးလောင်မှုဖြစ်ပွားပါက ကြောက်ရွံ့ထိတ်လန့်မှုမရှိကြစေရေး၊ မီးလောင် လွယ်သည့်ပစ္စည်းများအား စနစ်တကျသိမ်းဆည်းရေးများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသည့် သန့်ရှင်းထားရှိမှုများ မီးသတ်ဆေးဗူးများ၊ မီးချိတ်၊ မီးကပ်များ၊ ရေပုံး၊ သဲပုံးများအား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မီးသတ်ဆေးဗူးမျာ၊ ရေစိုအဝတ်များဖြင့် စနစ်တကျ မြန်မြန်ဆန်ဆန်နှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်