ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ကံမ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယမန်နေ့နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိဒေါ်သန်းသန်းဆင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများ၏အန္တရာယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့် ကြောင်းအရာများအား ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)