သတင်းများ

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအသိပညာပေးနှိုးဆော်
May 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလှည့်လှည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
May 13,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က ဇရပ်ကြီးကျေးရွာသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့သည် တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သာကေတမြို့နယ် Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
May 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club) အဖွဲ့ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍(Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီတွင် စာရေးဆရာချစ်နိုင် ရေးသားသည့်" ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် မြို့လုံးကျွတ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
‌‌နောင်ချိုမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကျင်းပ
May 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်-၂ အ​ခြေခံပညာမူလတန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ညနေ(၅:၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
May 13,2022
အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး အသိပညာပေး ဆွေးနွေး
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆင်တဲအုပ်စု၊ တမာကုန်းရွာသစ် ၊ နေ့လယ်ပိုင်းတွင် စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။