ညောင်တုန်း ဇွန် ၁၈
မင်္ဂလာပါရှင် သမီးနာမည်ကတော့ မဖွေးဖွေးသော်ဖြစ်ပါတယ်။ ညောင်တုန်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းသူလေးဖြစ်ပါတယ်။၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၄)ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ မိသားစုနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမများရဲ့ ကူညီဖေးမမှုကြောင့် စိတ်ဓာတ်ခွန်အားတွေရခဲ့သလို စာလေ့လာရာမှာလည်း အထောက်အပံ့ကောင်းတွေ လည်းရခဲ့ပါတယ်ရှင်။
သမီး ကျောင်းစတက်ချိန်ကစပြီး တစ်နေ့စာတစ်နေ့ပုံမှန် ကျက်မှတ်ခဲ့ပြီး သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ တွက်စာများကိုလည်း ထပ်တစ်လဲလဲတွက်ခဲ့ပါတယ်။ မြန်မာစာအတွက် အထောက်အကူပြုတဲ့ စာပေအမျိုးမျိုးကိုလည်း အားလပ်ချိန်မှာ ဖတ်မှတ်ခဲ့ပါတယ်ရှင်။ စာသင်ချိန်တိုင်းကို အာရုံစိုက်လေ့လာခဲ့ပြီး ကျောင်းတက်မှန်ဖို့အတွက် ကျန်းမာရေးကိုလည်း ဂရုစိုက် နေထိုင်ခဲ့ပါတယ်ရှင်။
သမီးက သင်ပြ၊ ပြောပြရတာကို သဘောကျပါတယ်။ သမီးရဲ့ရည်မှန်းချက်က ကျောင်းဆရာမတစ်ယောက် ဖြစ်ချင်တာကြောင့် သမီးရဲ့သူငယ်ချင်းတွေကိုလည်း သူတို့နားမလည်တဲ့စာတွေကို ရှင်းပြခဲ့ပါတယ်။ အမှတ်စာရင်းသိရလို့ တက္ကသိုလ်ရွေးချယ်ခွင့်ရရင် ပညာရေးတက္ကသိုလ်တက်ပြီး သမီးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ထူးချွန်တဲ့ မျိုးဆက်သစ်များ မွေးထုတ်ပေးသော ဆရာမကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်ရှင်။
မြိုနယ်(ပြန်ဆက်)