မက်မန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မက်မန်း ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို အထက်တန်းဆင့် ကျောင်းသား/သူများက “မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယနေ့ လူငယ်” အလယ်တန်းအဆင့် ကျောင်းသူ/သားများက “မူးယစ်ဟူသမျှ ဆန့်ကျင်ကြ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား/ သူများကို ဇွန်လ ၂၆ ရက်နေ့ တွင် ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် ဆုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မက်မန်းခရိုင်ရုံး (Community Centre) ခန်းမအနေဖြင့် ပြည်သူ အသိပညာပေး လုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ အစည်းအဝေးပွဲများ လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)