ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြေထိန်းနံရံပြုလုပ်မည့် နေရာအား သွားရောက်ကြည့်ရှု

နမ့်ဆန် ဇွန် ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲတို့သည် ၂၀၂၂-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြတ်တောင်ရိုး ကုမ္ပဏီမှဆောင်ရွက်သည့် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်တွင် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း(၄)ခုဆောင်ရွက်မည့်နေရာအား ယမန်နေ့နံနက်ပိုင်း(၁၀)နာရီအချိန့်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မြို့မဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဂေါပဂအဖွဲ့ဝင်များက ဘုရားကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် မြေထိန်းရန်လိုအပ်သောနေရာများ အားလိုက်လံရှင်းပြခဲ့ပါသည်။

ဆက်လက်ပြီး ကစဖ(ပလောင်) ဥက္ကဋ္ဌနှင့်အဖွဲ့သည် အထက(ခွဲ) ဘုရားကြီးတွင် ကျောင်းဖွင့်လှစ်နေမှုအားကြည့်ရှုအားပေးခြင်း၊ အဆိုပါ ကျောင်းရှိ (၉၀'× ၃၀') ကျောင်းဆောင်အား အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)