နာဂဒေသ၊ ပန်ဆောင်မြို့၌ မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်

ပန်ဆောင် ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးအတွက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ ခြင်ကြောင့်ဖြစ်ပေါ်တတ်သော ရောဂါအန္တရာယ်ကင်းဝေးစေရန်အတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ သဲနုန်းများကို အရှည်ပေ ၁၀၀ အနက် ၃ ပေရှိ ရေနုတ်မြောင်းအား တူးဖော်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါရေနုတ်မြောင်းများကို ပြည်သူ့လုပ်အားဖြင့် တူးဖော်ရှင်းလင်းခြင်း၊ လုပ်ငန်းအား မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)