မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၉)ဦးတို့အား ပင်စင်လစာငွေများ ထုတ်ပေး

မြဝတီ ဇွန် ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိသည်။

မြဝတီမြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းသက်ကြီး ဘိုး၊ဘွား ပင်စင်စားများ၏ လစာငွေထုတ်ယူရာတွင် မိုးတွင်းကာလဖြစ်ခြင်းကြောင့် နေရာအခက်အခဲမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ကာလအတွင်း လူစု၊လူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်း ကမ်းသတ်မှတ်ချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးထားပြီး အချိန်တိုအတွင်း ပင်စင်လစာငွေများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသည်။

မြဝတီမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေကို  ဇွန် ၂၁ နေ့ရက်ထိ (၅၂၉) ဦးတို့အား ထုတ်ပေးပြီးဖြစ်ကာ ထုတ်ယူရန်ကျန်ရှိသည့်  အငြိမ်းစားဝန်ထမ်းများ၏ပင်စင် လစာငွေများကိုလည်း သတ်မှတ်ရက်ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃နာရီအထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)