နွားထိုးကြီး မေ ၂၅
နွားထိုးကြီးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့မစည်ပင်သာယာဈေးအတွင်း၊ အပြင်ဆိုင်ခန်းများတွင် စစ်ဆေးခြင်း၊ မီးဖိုမီးအသုံးပြုသော စားသောက်ဆိုင်များကို မီးကြွင်းမီးကျန်များမရှိစေရေး စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးလောင်နေမှုကို လက်တွေ့သရုပ်ပြ ငြိမ်းသတ်စေခြင်း၊ ဈေးဝန်ထမ်းများအား ဇာတ်တိုက်လေ့ကျင့်ပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မစည်ပင်သာယာဈေး ဝန်ထမ်းများမှ လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်