ပင်းတယ မေ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစာပြန်၊ စာဖြေပွဲတော်ကြီးအား ယနေ့နံနက် ၇ နာရီက မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပသည်။
၁၃၈၄ ခုနှစ် ပင်းတယမြို့နယ်လုံးဆိုင်ရာ သာသနဟိတပရိယတ္တိ စာပြန်၊ စာဖြေပွဲတော်ကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စံန္ဒောဘာသနှင့် ဆရာတော်များကကြီးမှုး၍ ဆရာတော်အရှင်သူမြတ်များနှင့် စာဖြေစာပြန်သံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာဂထမင်းကျွေးခြင်းနှင့် ဝေယျာဝစ္စကိစ္စများကို နေ့စဉ်တာဝန်ကျ ရပ်ကွက်များမှ အလှည့်ကျဖြင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် စတင်ကျင်းပသည့်(၆၈/၆၆)ကြိမ်မြောက် စာပြန်/ဖြေပွဲတော်ကြီးတွင်မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္ဓမနှင့် ဆဋ္ဌမအတန်းလိုက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ စာပြန်သံဃာတော် ၃၁၃ ပါးနှင့် စာဖြေသံဃာတော် ၂၉၅ ပါး၊ စုစုပေါင်းသံဃာတော် ၆၀၈ ဖါးရှိကြောင်း၊ မြို့နယ်လုံးဆိုင်ရာစာပြန်/ဖြေပွဲတော်ကြီးအား မေလ၂၅ ရက်နေ့မှ မေလ ၂၈ ရက်အထိ ၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။
ဆက်လက်၍ အောင်လက်မှတ်ပေးအပ်သည့် ဆုနှင်းသဘင်အခမ်းအနားအား၂၀၂၂ ခုနှစ်၊ မေလ၂၉ ရက်(ကဆုန်လကွယ်)နေ့တွင် အဆိုပါမြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)