ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး

ကျိုင်းတုံ ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးရေး ရက်သတ္တပတ်အဖြစ် မွန်ဘားဆားမြက် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာ၊ ဦးစိုင်းခမ်းနိုင်၏ စိုက်ခင်း (၁) ဧကတွင် ကျင်းပသည်။

မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံမွေးမြူရေးတောင်သူများ တက်ရောက်ပါဝင် စိုက်ပျိုးကြသည်။

နွေရာသီတိရစ္ဆာန် အစာရှားပါးသည့်အချိန်တွင်  ကျွဲ၊ နွား တိရစာ္ဆန်များ အစာအဟာရ လုံလောက်စေရန်၊ လွတ်ကျောင်းမွေးမြူရေး စနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲပြီး အာဟာဓာတ် ပြည့်ဝစွာပါဝင်သည့် မြက်မျိုးများ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကြီးထွားမှုမြန်ဆန်ပြီး မွေးမြူရေးလုပ်ငန်းထုတ်လုပ်မှု ကောင်းမွန်စွာရရှိစေရန်၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်းထံမှ သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)