မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

မိုးညှင်း ဇွန် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီခွဲက နတ်ကြီးကုန်းရပ်ကွက်ရှိ ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင် ဦးဆောင်သည့် ဝန်ထမ်း မိသားစုများက မိုးညှင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်ရှိ ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ ဆရာတော် အပါအဝင် သံဃာတော်(၇၇)ပါးအတွက် ဆရာတော်ဘဒ္ဒန္တဇိနပညာထံ ဆွမ်းဆန်တော် (၁၂)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)