မိုးကောင်းမြို့၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မိုးကောင်း ဇွန် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှကြီးမှူး ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျွန်းတောရပ်ကွက် နှီးဘုရားရှေ့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ ဇွန်(၂၇)ရက် နံနက် (၈)နာရီတွင် စုစုပေါင်း သစ်ပင် (၁၈၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အတူ မြို့နယ်ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်တို့က ငုဝါ (၃၀)ပင်၊ ဖွားဖက်တော် (၃၀)ပင်၊ သပြေဘူတ (၃၀)ပင်၊ ခရေ (၃၀)ပင်၊ စိန်ပန်း (၃၀)ပင်နှင့် အာဖဂန်ကျူးလစ် (၃၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)