သံတောင်ကြီးမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်
Jul 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် (၇၅) နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများ ဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် စာဖတ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။