မင်းလှ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက်(၅)နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm)နှင့် အသက်(၁၂)နှစ်မှ(၁၇)နှစ်ထိ ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) တို့ကို ထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၅၅)ကျောင်းနှင့် ဘ/က(၄)ကျောင်း စုစုပေါင်း (၁၅၉) ကျောင်းတွင်အသက် (၅)နှစ်မှ(၁၂)နှစ်အောက်ကျောင်း သား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းအား ကျန်းမာရေးဦးစီးဌာနမှ ကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)