တံတား ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြုဆရာမကြီး ဦးဆောင်၍ ဝန်ထမ်းများက အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းတွင် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့် ဖျားနာခြင်းများအတွက် ဆေးဝါးကုသပေးခြင်း စသည့် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ရာ ယနေ့တွင် ဘိုးဘွား (၁၀၁)ဦးလာရောက် ဆေးကုသစစ်ဆေးမှု ခံယူခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်ပေးခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိသားစုများအနေဖြင့် မိမိတို့၏ဘိုးဘွားများအား ပြင်ပဆေးရုံဆေးခန်းများတွင် ဆေးကုသစရိတ်မတတ်နိုင်၍ အိမ်တွင်ဆေးမှီးတိုဖြင့် ကုသဆောင်ရွက်ခဲ့ရသော အခက်အခဲများမှ လွတ်မြောက်ခဲ့ရကြောင်းနှင့် ယခုလို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သော ဆရာမကြီးနှင့်တကွ ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဆေးကုသစစ်ဆေးမှုခံယူနေသော ပြည်သူတစ်ဦးထံမှ သိရသည်။
မိုးဖြူလွင် (တံတား)