ဗိုလ်တထောင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဗိုလ်တထောင် ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မိုးရာသီကာလ၌ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်(၉)နာရီက ဆိပ်ကမ်းရဲရိပ်သာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်၏ ဦးဆောင်မှုဖြင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ခြင်း၊ ပိုးလောက်လန်းများ ရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သံဃာတော်များအား သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှကင်းဝေးစေမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)