သတင်းများ

ဓနုဖြူမြို့နယ် Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်းသင်တန်း ဆုပေးပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ (၂၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ခဲမဖြူ​ကျေးရွာ အ​​ခြေခံပညာအထက်တန်းကျောင်းခွဲအား စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျောင်းများပြန်လည်ဖွင့်လှစ်​တော့မည်ဖြစ်သဖြင့် ​ကျောင်းသား၊​ ကျောင်းသူများ ပညာသင်ကြားနိုင်​ရေး၊​ ကျောင်းပတ်ဝန်းကျင် သာယာလှပ​ရေး၊ ခြင်အန္တရာယ်မှ ကင်း​ဝေး​​စေ​ရေး၊​ ကျောင်းသန့်ရှင်း​စေ​ရေး ​ကျောင်းဝန်း အတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊​ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး ​ရေ​မြောင်းများ ပြန်လည်တူး​ဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊​ ကျောင်း​ဆောင်များ သန့်ရှင်း​စေ​ရေးအတွက်
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီ အချိန်မှစတင်ကာ သတ်မှတ်ထားသောစုရပ်များနေရာများအလိုက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မဲဇလီဒလကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ရုံခန်းမ၌ ပြုလုပ်ခဲ့သည်။
ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ (၂၃) ရက်နေ့ နံနက် (၇) နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာနှင့် လှိုင်းဘုန်းကျေးရွာအုပ်စု၊ စလူးချောင်းကျေးရွာတို့မှ ဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့သည်။