မောက်မယ် ဇူလိုင် ၁၈
၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်၁၀နာရီက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ ၊ ကဗျာစာအုပ်များဖြင့်စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်နန်းမိုဟွမ်က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ ထုတ်ဝေသည့်ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် သုတရသစာအုပ်များဖြင့် စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းတွင် ကျောင်းသား/ကျောင်းသူ များအလှည့်ကျ ဖတ်ကြားပြီး သိရှိလိုသည်များကို မေးမြန်းကြရာ စာကြည့်တိုက်မှူး ဒေါ်နန်းမိုဟွမ်က ကျောင်းသား/ ကျောင်းသူလူငယ်များ သိရှိလိုသည့် အချက်များကို စာဖတ်ဝိုင်းတွင် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)