ရွှေတောင် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား Software အသုံးပြု၍ ရေးသွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software အသုံးပြု၍ ရေးသွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မြို့နယ်လဝကမှ Software ရေးသွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ သင်တန်းပို့ချခဲ့ပြီး Software အသုံးပြု၍ရေးသွင်းခြင်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မှီပြီးစီးနိုင်ရေး လူအင်အား(၂၈)ဦး ကွန်ပျူတာ(၁၆)လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း