သတင်းများ

သာပေါင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ(၃၀၀)သိန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စစ်စင်ကျေးရွာသို့ စီမံကိန်းရန်ပုံငွေ ကျပ်(၃၀၀)သိန်းလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖျာပုံခရိုင်အတွင်း တစ်ထပ်ကျောင်းဆောင် သစ်များ တက်ရောက်ဖွင့်လှစ်‌ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနှင့် ကျုံကဒွန်းကျေးရွာများသို့ သွားရောက်၍ ခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်
အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၄/၂၀၂၂)ဖွင့်လှစ်မည်
Jun 15,2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန က ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၄/၂၀၂၂)ကို ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း)၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကျိုက်လတ်၌ စာဖတ်ဝိုင်းကျင်းပ
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် Youth Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့် ဇွဲ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ငါ့သရောက်မြို့၌ အခြေခံကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံ
Jun 15,2022
 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် အခြေခံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အ.ထ.က ငါ့သရောက်၊ အ.ထ.က (ခွဲ) ကုလားတဲ၊ အ.ထ.က.(ခွဲ)ဆည်၊ အ.လ.က(ခွဲ) မြောက် ကုန်းနှင့် အ.မက. (မူလွန်) ကျောင်းတို့တွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လွိုင်ကော်မြို့၌ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
Jun 15,2022
အလုပ်သမားဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံးမှကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော အာမခံအလုပ်သမားများအား