လှည်းကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လှည်းကူး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့  ပတ်ဝန်းကျင်  တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းလွင်ဦး၊ ဦးခင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းတို့က ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသာ/သူများထံသို့ စိုက်ပျိုးသွားမည့် ပျိုးပင်များကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဝင်းလွင်ဦး၊ ဦးခင်ဇော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်ထွဋ်နိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟောဂနီ၊ ပျဉ်းမ၊ မဲဇလီ၊ စိန်ပန်းနှင့် မန်ဂျန်ရှားပင် စုစုပေါင်း ပျိုးပင်(၅၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)