သိန္နီမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

သိန္နီ ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပညာမူလတန်းအဆင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ စတုတ္ထတန်းနှင့် ပဉ္စမတန်း ကျောင်းသား/သူ (၂၀)ဦးက စိတ်ကြိုက်ပန်းချီဖြင့်လည်းကောင်း၊ ဒုတိယတန်းနှင့် တတိယတန်း ကျောင်းသား/သူ(၂၀)ဦးက ဆေးရောင်ခြယ်ခြင်းဖြင့်လည်းကောင်း အသီးသီးအပြိုင်ပွဲဝင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများကို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု၊ စုစုပေါင်း ဆု(၁၀)ဆုကို မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်သူဇာအေး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချို၊ ဆရာမ ဒေါ်အမ်းအောင်နှင့် ဆရာမဒေါ်နှင်းရွှေရည်ဝင်းတို့က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (သိန္နီ )