ကြာအင်းဆိပ်ကြီး ဇွန် ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ၊ ရသ၊ စာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသ စာအုပ် စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက် အတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး စာဖတ်စာငှား မိဘပြည်သူများအား မိမိတို့၏အိမ်အတွင်းမှာပင် နေထိုင်ရင်းအဆင်ပြေစွာဖြင့် မိမိတို့ ဖတ်ရှုလေ့လာ လိုသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် ကလေးငယ်များ ဖတ်ရှုနိုင်စေရန် ကာတွန်း၊ ရုပ်ပြစာအုပ်များကို စာဖတ်စာငှားသူတစ်ဦးလျှင် စာအုပ် (၂) အုပ်နှုန်းဖြင့် ငှားရမ်းသည့်နေ့မှစ၍ (၇) ရက်ပြည့်သည့်နေ့၌ ဖတ်ရှုငှားရမ်းထားသည့် စာအုပ်များကို စနစ်တကျ ပြန်လည်အပ်နှံစေပြီး နောက်ထပ်ဖတ်ရှု ငှားရမ်းလိုသည့် သုတ၊ ရသ စာအုပ်များအား မိုဘိုင်း စနစ်ဖြင့် ကွင်းဆင်းကာ စနစ်တကျပြန်လည်၍ ငှားရမ်းပေးခဲ့ကြောင်းသည်။
အဆိုပါ သုတ၊ ရသ စာအုပ်စာစောင်များအား စာဖတ်စာငှား မိဘပြည်သူများအနေဖြင့် အလွယ်တကူ အခမဲ့ငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျင် (၆) ရက်နံနက် ၉ နာရီခွဲမှ ၄ နာရီခွဲအချိန်အထိ ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပြီး စာဖတ်စာငှားသူတစ်ဦးလျင် စာအုပ် (၂) အုပ်နှုန်းဖြင့် (၇) ရက်ကြာအချိန်ပေး၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်စာကြည့်တိုက်မှူးထံမှ သိရသည်။
မျိုးမင်းဦး