ဇီးကုန်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်-၁ ကျောင်းသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာ၀န်ရှိသူများသည် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ အ.လ.က (ခွဲ) အမှတ်-၁ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မိုးရာသီတွင် အဖြစ်များသော ရောဂါများနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ စားသုံးရန်မသင့်သော အစားအစာများနှင့် ၄င်းတို့၏အန္တရာယ်များနှင့် အခြားကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
တင့်ဆွေ