ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းတက် / ဆင်းချိန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇွန် ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယမန်နေ့ နံနက် (၁၁) နာရီ၌ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ  ဒုရဲမှုး မိုးသီဟဇော် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် (၈၈) ရပ်ကွက်၊ အထက (၁) ကျောင်း၊ ကျောင်းတက် / ဆင်းချိန်များတွင် ကျောင်းသား / သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ ကျောင်းဖွင့်ချိန်သည် မိုးတွင်းကာလဖြစ်သည့်အတွက် ကျောင်းလမ်းမများပေါ်တွင် ကျောင်းသား / သူ၊ ကလေးငယ်များအနေဖြင့် လမ်းဖြတ်ကူးရာတွင် မိုးရေများစီးဆင်းနေ၍ လမ်းများပေါ်တွင် ဖြတ်ကူးသည့်အခါ သတ်မှတ်ချိန်၊ အချိန်မီလမ်းမကူးနိုင်ပါက ဘေးအန္တရာယ် မဖြစ်စေနိုင်ရေးနှင့် မီးပွိုင့်အချက်ပြများနှင့် လူကူးမျဉ်းကျားမှလမ်းကူး၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်  အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်တွင်းရှိ မိဘပြည်သူများနှင့်‌ ကျောင်းသား၊‌ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် အသိပညာပေး ဟောပြောပွဲများကို အခြေခံပညာကျောင်းများ တွင်လည်းဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရသည်။

လဲ့လဲ့