ပွင့်ဖြူမြို့နယ်၌ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေး ၆၃ ဦးကို ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးများကို ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေး ၆၃ ဦးကို လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)