သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းမြေပဲများစိုက်ပျိုးပြီးစီး
Jan 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ ဆောင်းမြေပဲကို ၅၇၁၉ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ပြီး၊ အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရေဖြူမြို့နယ်တွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် Pfizer ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီကစ၍ ရေဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer)ကို  (၃၉၀)ဦး ထိုးနှံပေး နိုင်ခဲ့
Jan 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့က  ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၊ အောင်စိုးမိုး (ASM Private School)ကိုယ်ပိုင်မူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ ကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အောင်စိုးမိုး (ASM Private School) ကိုယ်ပိုင်မူလတန်းကျောင်းတွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားအား အဆိုပါကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူလေးများက "စုံညီပွဲတော် ဒို့နွဲပျော်"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ပိုင်ကျုံမြို့ အမှတ် (၄) ရပ်ကွက်၊ အ-မ-က ပိုင်ကျုံ(မြန်မာစု)ကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ  အခမ်းအနား ကျင်းပ
Jan 17,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အ-မ-က ပိုင်ကျုံ(မြန်မာစု)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Jan 17,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာ စောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။