သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Feb 04,2025
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် စဉ်ဆက်ပညာရေး စာသင်သားများ တက်ရောက်ကြသည်။
ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာ
Feb 04,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာကြောင်း မြို့ပေါ်အိုးရောင်းဝယ်သူများထံက သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ကျောက်ဆည်)တွင် ဧက (၂၀) စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း
Feb 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်စနစ်ဖြစ် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် နေရာဒေသအလိုက် သီးနှံမျိုးစုံ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်းနှင့် သီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ရေးနှင့်ကုန်ကျမှုသက်သာစေရေး မြေဆီမြေဩဇာကောင်းမွန်သည့် ပိုက်ဆံလျှော်များ ပိုမိုစိုက်ပျိုးအသုံးပြုလာကြကြောင်း သိရပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကျောက်ဆည်) တွင် ဧက (၂၀) အကျယ် စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူဈေးကွက်အတွင်း မိုးကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် နှစ်ထောင်ငါးရာကျော်အထိ ဈေးနှုန်းရရှိ
Feb 04,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် နှစ်ထောင်ငါးရာကျော်အထိ ဈေးနှုန်းရရှိလျက်ရှိကြောင်း  ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
Feb 04,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ လမ်းမတော်လမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ် နွေစပါး၊ နွေသီးနှံလျာထားမှု စိုက်ပျိုးအားကောင်းရန် တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Feb 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည်ပိုင်းက ဥသျှစ်ကုန်း ကျေးရွာအုပ်စုရှိ၊ သမတန်းကျေးရွာ ဘုံကွင်း၌ ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ခမရ(၅၂၄) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်  (၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲ ကျင်းပ
Feb 04,2025
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ပထမအဆင့် ရွေးချယ်ရေးစာမေးပွဲကို အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။