လွိုင်လင် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အောင်စိုးမိုး (ASM Private School) ကိုယ်ပိုင်မူလတန်းကျောင်းတွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားအား အဆိုပါကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူလေးများက "စုံညီပွဲတော် ဒို့နွဲပျော်"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ကျောင်းဒါရိုက်တာ ဆရာအောင်စိုးမိုးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများမှ ဆရာ/မများနှင့် ပညာသင်နှစ်တွင် ထူးချွန်ဆုရ ကျောင်းသား/သူများ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများအား ကျောင်းသား/သူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)