သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စတင်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်)ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် အသစ်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်) ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်(၀၈:၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မင်္ဂလာဘုရားခန်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများအား  လာရောက်ကြည့်ရှု၍ တွေ့ဆုံပွဲကျင်းပ
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊  တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးစန်းအောင်နှင့်အဖွဲ့က ယမန်နေ့နံနက် (၉) နာရီမှ စတင်ပြီး  ပြင်ဦးလွင်မြို့ရှိ  အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ KG ကျောင်းသား/ကျောင်းသူလေးများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၁)၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် စာသင်ဆောင်များကောင်းမွန်စေရေးအတွက်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တွံတေးမြို့နယ်၌ ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ဖွံဖြိုးရေး ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 07,2022
သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံ စီမံအုပ်ချုပ်ခြင်း အစီအစဉ် ဖွံဖြိုးရေးဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၃ နာရီက တွံတေးတူးမြောင်း မိုင်တိုင်အမှတ် ( ၁၃) အနီး၌ တွံတေးတူးမြောင်းကမ်းပြိုမှုမှ ကာကွယ်ရေး၊ ဒီရေတောအပင်များ မပြုန်းတီးစေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန်ရည်ရွယ်၍ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဆွေးနွေးပွဲသို့တက်ရောက်
Jun 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဇဝဲ - ဘန်းလမွတ်ဒေသတွင် တည်ဆောက်မည့် 10 MW Solar Power Plant စီမံကိန်း၊ မြိတ်ခရိုင်၊ သမုတ် - လွတ်လွတ်ဒေသ၌ ဆောင်ရွက်မည့် 26 MW Biomass Power Plant စီမံကိန်းနှင့် ပလောက်ချောင်းတွင် တည်ဆောက်
ထန်းတပင်မြို့နယ်၌ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်လှစ်
Jun 07,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်​၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းကြယ်သီးထိုးနည်းနှင့်
ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေး ကျင်းပ
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအစည်းအဝေးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲဝင်းထိုက်ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် မြို့လုံခြုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် မိုင်းငေါ့မြို့လုံခြုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က အဆိုပါစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားကြည့်ရှုစစ်ဆေး
Jun 07,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို