တွံတေးမြို့နယ်၌ ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်ဖွံဖြိုးရေး ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တွံတေး ဇွန် ၇

သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံ စီမံအုပ်ချုပ်ခြင်း အစီအစဉ် ဖွံဖြိုးရေးဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၃ နာရီက တွံတေးတူးမြောင်း မိုင်တိုင်အမှတ် ( ၁၃) အနီး၌ တွံတေးတူးမြောင်းကမ်းပြိုမှုမှ ကာကွယ်ရေး၊ ဒီရေတောအပင်များ မပြုန်းတီးစေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊  သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန်ရည်ရွယ်၍ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊  ဌာနဆိုင်ရာအကြီးအကဲများ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  စုစုပေါင်းအင်အား (၀) ခန့်တို့က ဒီရေတောပေါက် လမုပင် (၄၄၀) ကို တွံတေးတူးမြောင်း မိုင်တိုင် အမှတ် (၁၃) အနီးကမ်းခြေ၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တွံတေးသား