ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စတင်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်)ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်

ဒဂုံတောင် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် အသစ်တိုးချဲ့ ဖွင့်လှစ်မည့် ဒဂုံမြို့သစ်(ခရိုင်) ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်(၀၈:၃၀)အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မင်္ဂလာဘုရားခန်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသော ဧည့်ပရိတ်သတ်များက သြကာသ()ကြိမ် ရွတ်ဖတ်ပူဇော်၍ မြို့နယ်အတွင်းရှိ ဆရာတော်ဘုရာကြီးများမှ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခဲ့ပြီး ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား စတင်ကျင်းပခဲ့ရာ တက်ရောက်လာသော ဧည့်ပရိတ်သတ်များက လှူဒါန်းပူဇော်သော နဝကမ္မ ဝတ္တုငွေများနှင့် ဆွမ်းခဲဖွယ်တို့ကို  ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချ​တရားတော်နာယူ ပူဇော်ခဲ့ကြကြောင်းလည်း သိရှိရသည်။

ထို့နောက် ဒဂုံမြို့သစ်(ခရိုင်) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုင်းဘုတ်အား အမွှေးနံ့သာရေများဖြင့် ဖြန်းပတ်ပူဇော်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒဂုံမြို့သစ်(ခရိုင်) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)