ထန်းတပင်(ရန်ကုန်) ဇွန် ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းကြယ်သီးထိုးနည်းနှင့် ဆံအုပ်ဘိုးပြုလုပ်နည်းသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ အိုးမကွာအိမ်မကွာနေထိုင်ပြီး စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် ဒေသထွက်ပစ္စည်းများကိုအသုံးချ၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍လည်း ပန်းကြယ်သီးထိုးနည်းနှင့် ဆံအုပ်ဘိုးပြုလုပ်နည်းသင်တန်းကို ကျောင်းကုန်းကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါသင်တန်းကို ဇွန်လ(၆)ရက်နေ့ မှ ဇွန်လ(၂၀)ရက်နေ့အထိ (၁၅)ရက်ကြာဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ(၂၅)ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)