ပြင်ဦးလွင် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်နှင့်အဖွဲ့က ယမန်နေ့နံနက် (၉) နာရီမှ စတင်ပြီး ပြင်ဦးလွင်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ KG ကျောင်းသား/ကျောင်းသူလေးများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အလက(၁)၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် စာသင်ဆောင်များကောင်းမွန်စေရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင် က အထက (၁) ရှိ ဧရာဝတီခန်းမဆောင်၌ ပြင်ဦးလွင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ကြီးများနှင့်တွေ့ဆုံကာ ပညာရေး၀န်ကြီးဌာန၏ မူဝါဒများအကောင်အထည်ဖော်ဆောင် ရွက်နေမှုနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ၂၀၂၂ -၂၀၂၃ ပညာသစ်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး စတင်လက်ခံခဲ့၍ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး ကျောင်းတာဝန်ခံ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား မိဘများနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ရန်၊ ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြား ချက်များအတိုင်း စစ်ဆေးရန်၊ ဘာသာရပ်များအလိုက် စနစ်တကျ ကောင်းမွန်စွာဆွေးနွေးသင်ကြားပို့ချရန်နှင့် ကျောင်းကျန်းမာရေးအထူးဂရုစိုက်ရန် စသည့် လိုက်နာ ကျင့်သုံးပူးပေါင်းဆောင်ရွက်ရန် အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)