သတင်းများ

ပျော်ဘွယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 17,2025
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သမဝါယမကောလိပ်(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 17,2025
သမဝါယမကောလိပ်(မန္တလေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး) ရန်ကင်းခန်းမဆောင်တွင် ပြုလုပ်ရာ  မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးနှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကြံခင်းမြို့ ကျောင်းအခြေပြု တီဘီစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)တွင် ကွင်းဆင်းဆောင်ရွက်
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘုန်တော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)စာသင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုပ္ပားဒေသတွင်သာရှိသည့် ပုပ္ပားမျောက်မြှီးရှည်များ ထိန်းသိမ်းရန် နေထိုင်ကျက်စားရာ တောများ၊ စာကျက်များအား တင်းကျပ်စွာ ကာကွယ်ထိန်းသိမ်းရန် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိသည်
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် တည်ရှိနေသည့် ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်မကြီး မီးတောင်ချိုင့်ဝှမ်းအတွင်း ပုပ္ပားမျောက်မြှီးရှည်များကျင် လည်ကျက်စားနေထိုင်လျက်ရှိပြီး သဘာဝသားရဲတိရစ္ဆာန်ချစ်မြတ်နိုးသူများ၊ သဘာဝတောတောင်ရေမြေချစ်မြတ်နိုးသူများ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။
ရွှေကူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်
Jan 17,2025
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ၁၁/၂၀၂၄ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အဆိုပါတက္ကသိုလ်စုဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ပါမော က္ခချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြာထားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘုရားကန်တော့ခန်း တင်ဆက်မှုဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဇလွန်မြို့နယ် အ.ထ.ကသပြုကွင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၁၄ မွန်းလွဲ ၂ နာရီတွင် အ.ထ.က သပြုကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ရေး စစ်ဆေး
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ဝယ်ယူသူပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ခြင်း ရှိ/ မရှိ ယမန်နေ့မွန်လွှဲပိုင်းက ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။