သတင်းများ

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Showဆောင်ရွက်
Jun 22,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေး
Jun 22,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။
ပန်းတနော်တွင် တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဖြန့်ဖြူး ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၏ ကြီး​ကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေ သြဇာများအား အမှန်တကယ်လိုအပ်သည့် တောင်သူများ လက်ဝယ်သို့ စျေးနှုန်း သက်သာစွာ အခက်အခဲမရှိ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် Consortium အဖွဲ့ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆန်းသစ်အောင် ဓာတ်မြေသြဇာဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀၀၀ အား ယနေ့ နံနက် ၉ နာရီက စတင်ရောင်းချပေးလျက်ရှိသည်။
ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
Jun 22,2022
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥတ္တခရိုင်ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉နာရီက ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ‌တွင်ကျင်းပခဲ့သည်။     
၂၀၂၂-၂၀၂၃ ခုနှစ်၊ ပထမအကြိမ်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးခွမြို့နယ်၌ရောင်းချ
Jun 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပထမအကြိမ်မြောက်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်းသိရသည်။
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၉)ဦးတို့အား ပင်စင်လစာငွေများ ထုတ်ပေး
Jun 22,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိသည်။
ပဲခူးမြို့၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Jun 22,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က၊ မြို့အနောက်(ခ)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည်  ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ညွှန့်ပင်ကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောပြသည်။