သတင်းများ

မိတ္ထီလာ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jun 23,2022
မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စာရေးတို့၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Jun 23,2022
ပျော်ဘွယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းတို့၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်
Jun 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ဝန်ထမ်းများသည်ပြည်သူများနှင့်ဆက်ဆံဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးသိရှိနားလည်ပြီးလုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်မှုကို အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်မှန်ကန်၊ မြန်ဆန်စေရန် ရည်ရွယ်ချက်များဖြင့် ယမန်‎နေ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံးခွဲ(အောင်ပန်း)မြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ကလေးခရိုင် ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံ​ရေးသင်တန်း (၁/၂၀၂၂)ဖွင့်လှစ် သင်ကြား
Jun 22,2022
ပို့​ဆောင်​ရေးနှင့် ဆက်သွယ်​ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့​ဆောင်​ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီးကလေးခရိုင်ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံ​ရေးဘာသာရပ်သင်တန်း (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ဌာနယာဉ်​မောင်းစစ်​ဆေး​ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး
Jun 22,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်သည် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့နယ်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တောင်ပိုင်းခရိုင်တွင် ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်သင်ကြား
Jun 22,2022
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်သူများအား နေ့စဉ်ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ သန်လျင်မြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးတွင် ဇွန် ၂၀ ရက်နေ့မှစ၍ ၂၄ ရက်နေ့ထိ ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁)အား နေ့စဉ် ညနေ ၄ နာရီမှစ၍ သင်ကြားပေးလျက်ရှိသည်။
သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  (ပထမအကြိမ်) ဆက်လက်ထိုးနှံဆောင်ရွက်
Jun 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက်