ပန်းတနော်တွင် တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဖြန့်ဖြူး ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေ သြဇာများအား အမှန်တကယ်လိုအပ်သည့် တောင်သူများ လက်ဝယ်သို့ စျေးနှုန်း သက်သာစွာ အခက်အခဲမရှိ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် Consortium အဖွဲ့ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆန်းသစ်အောင် ဓာတ်မြေသြဇာဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀၀၀ အား ယနေ့ နံနက် ၉ နာရီက စတင်ရောင်းချပေးလျက်ရှိသည်။