မြောင်းမြမြို့တွင် တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြောင်းမြမြို့နယ် စာရေးဆရာအသင်းက မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။