သတင်းများ

ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက် သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သွပ်ပြားအချပ်(၂၀၀)ကာလတန်ဖိုးငွေ ကျပ်သိန်း(၇၀)ထောက်ပံ့လှူဒါန်းပေးအပ်
Jun 18,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၌ သန္တိသုခဓမ္မာရုံအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သွပ်ပြားအချပ် (၂၀၀)ကာလတန်ဖိုး ငွေကျပ်သိန်း(၇၀) ထောက်ပံ့ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်း၌ ယနေ့နံနက် (၈)နာရီခွဲက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားပြုလုပ်ရာ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း တက်ရောက်အားပေး ကြည့်ရှုခဲ့သည်။
သာစည်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အရိပ်ရအပင်များနှင့် ပန်းအလှပင်များစိုက်ပျိုး
Jun 18,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မြို့ဝင်မြို့ထွက်လမ်းဘေးဝဲယာနှစ်နေရာနှင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၂) လမ်းဘေးဝဲယာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ကြည့်ရှု အားပေးပြီး မြန်မာနိုင်ငံလူမှုကူညီ ကယ်ဆယ်ရေးအသင်းက ချင်ပြည်နယ် တာဝန်ခံရုံး (Myanmar Rescue Kachin) အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေး
Jun 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ် သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ပြုလုပ်
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့ ၉ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့ အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့်အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာဉာဏ်ပညာကြီးမြင့်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ မကောင်းတဲ့စိတ်တွေ ရှောင်ပြီး ကောင်းတဲ့စိတ်တွေဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့စိတ်ကောင်းရှိစေရန်၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားတတ်စေရန်ရည်ရွယ်၍ စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရေးသားသည့် ''စကားလက်ဆောင်'' စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော‌ ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 18,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် မချမ်းဘော့မြို့ အ‌ခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 18,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ယနေ့ နံနက် ၁၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ် အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club တို့နှင့် ပူးပေါင်းပြီး စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်ဖြင့် လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။