သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြား ပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ နေအိမ်များ ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှု ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို)စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)စာစီစာကုံးပြိုင်ပွဲကိုယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။
မြောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့ပေါ်ရှိ  အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၇)နာရီက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်များပြသ
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၂ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်းဘေးဝဲယာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းများတွင်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်‌တန်းကျောင်းနှင့်  အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ဆောင်ရွက်
Jun 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ မူးယစ်ဆေးဝါး အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။