မြောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မြောင် ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့ပေါ်ရှိ  အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၇)နာရီက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက မြောင်မြို့အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းရေးများကို စုပေါင်းပြုလုပ်ဆောင် ရွက်ခဲ့ကြောင်းသရှိိရသည်။

မြောင်မြို့တွင် အပါတ်စဉ် စနေ့တွင် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကျောင်းကန်စေတီပုထိုးများနှင့် မြို့သန့်ရှင်းရေးများကို အစဉ်မပျက် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်