ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက  ရွာသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ နေအိမ်များ ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှု ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက်များ အတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးခြင်း၊ ရေအိုး၊ ရေကန်များ၊ ဘုရား ပန်းအိုး၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လမ်းပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များ အတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင် များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေး လုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)