သတင်းများ

မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ" အခမ်းအနားကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ" အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲကျင်းပ
Jan 16,2025
ပြည်သူများစာဖတ်ခြင်းဖြင့် ဦးနှောက်ရဲ့စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်တဲ့အတွေးခေါ်များနှင့် ဆုံးဖြတ်ချက်တွေမှန်ကန်လာ‌စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်၊‌ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များပူးပေါင်း၍ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၅) သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပခဲ့သည်။
ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်း ဆောင်ရွက်
Jan 16,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးဦးစီးဌာနသည် ဘုရားငါးဆူကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၊ အင်ပု အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 16,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အင်ပု၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပခဲ့သည်။
လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ
Jan 16,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လယ်ဝေးမြို့ သီရိရတနာမြို့မဈေးတွင် ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 16,2025
နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။
လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Jan 16,2025
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။